Friday, February 24, 2012

ရင်ကိုထိသောစာစုများ

သာမာန်ရိုးရိုး သူလို ကိုယ်လိုမဟုတ်ဘူး ။ သူမမှာ ကျွန်တော်တို့ နဲ့မတူတဲ့ ခြားနားချက်များစွာရှိတယ် ။ သူမမျက် ၀န်းတွေဟာ အစဉ်ရီဝေနေတတ်ပေမယ့် အမြဲရွှန်းလဲ့တောက်ပနေခဲ့တယ် ။ သူမဟာ ဘယ်လို လူသားမျိုးလဲ ကမ္ဘာမြေပေါ်မှာ သူမ ဘယ်လို အသက်ရှင်သန်နေသလဲ ဘယ်လို အဓိပ္ပါယ်တွေနဲ့ဘ၀ကို ရှင်သန်နေခဲ့သလဲ ။
သူမ နာမည်က Qian Hong Yan လို့ခေါ်ပါတယ် ။ မတော်တဆမှုတစ်ခုကြောင့် သူမ ခြေတွေ ငယ်ငယ်က တည်းက ဆုံးရှုံးခဲ့ရတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ သူမကို ဒုက္ခိတ လို့မသုံးသင့်ဘူးမဟုတ်လား ။ သူမကို ကံမကောင်း အကြောင်းမလှလို့ ခြေလက်မစွမ်းရှာသူလို့ပဲ ကျွန်တော်တို့ မြင်ရမယ်မဟုတ်လား ။
တရုတ်ပြည်မှာ ရှိတဲ့ သူမ မိသားစုဟာ ဆင်းရဲချို့တဲ့လွန်းပါတယ် ။ ခြေတု တပ်ဆင်ဖို့ လောက်ငွေကြေးကို သူတို့မစွမ်း သာခဲ့ကြဘူး ။ ဒါကြောင့် သူမ တနေရာကနေ တနေရာကို ရွေ့သွားဖို့အတွက် ပုံမှာ မြင်ရတဲ့အတိုင်း ဘတ်စ် ကတ်ဘောလုံးတစ်လုံးကို အသုံးပြုနေခဲ့ရတယ် ။
Qian ဟာ သစ်သားနဲ့လုပ်ထားတဲ့ ဒေါက်လေးနှစ်ကို သူမကိုယ်သူမှ “ မ ” ဖို့ အသုံးပြုနေရတယ် ။ ဒါပေမယ့် သူမက ငယ်စဉ်ကတည်းက ဂျီးများတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး ။ သူမမှာ လဲလှယ်အ သုံးပြုဖို့ ဘော လုံး ခြောက်လုံးရှိပါတယ် ။
သူမ အတန်းပညာသင်ယူဖို့ ကျောင်းတတ်နေတဲ့ပုံပါ ။သူမ ကိုဘယ်အချိန်ကြည့်ကြည့် အမြဲပြုံးနေခဲ့တယ် ။အသက်အရွယ်ကြီးလာလည်း ပြုံးနေမြဲ ။

သူမကို ကျွန်တော် ဦးညွှတ်လေးစားပါတယ် ။ ကျွန်တော်တို့သာဆိုရင်ရော ဒီလို ခံနိုင်ရည်ရှိပါ့မလား

ဘ၀ကို နေထိုင်ဖြတ်သန်းတဲ့အခါ အမြဲပဲ အကောင်းမြင်ပါ ။ ကျွန်တော်တို့ဟာ ခြေတွေလက်တွေရှိရက်နဲ့ ဟင်းမကောင်းဘူး ၊ ဒါမစားချင်ဘူး ၊ ဟိုဟာ ၀ယ်ပေးပါ ဒီဟာ ၀ယ်ပေးပါ ၊ သူတို့ ၀တ်သလို ၀တ်ချင်တယ် ၊ မုန့်ဖိုးမလောက်ဘူး စသဖြင့် စသဖြင့် အကြောင်းပြချက်များစွာနဲ့ ဘ၀ကို အပေါ်ယံ ဖြတ်သန်းနေခဲ့ကြတယ် ။ ကျွန်တော်တို့ သူမနဲ့ယှဉ်ကြည့်လိုက်ရင် သူမ သတ္တိကို ကျွန်တော်တို့ လိုက်မှီနိုင်ပါ့မလား ။ သူမ အမြဲပြုံးနေသလို ကျွန်တော် တို့ ပြုံးနေခဲ့ကြရဲ့လား ??????? လူတိုင်းဟာ ကိုယ့်ဘ၀သာလျှင် ဆိုးတာတွေကြုံရတယ် ကိုယ်သာလျှင် အဆင်မပြေမှုတွေနဲ့ကြုံရတယ် စသဖြင့် ညည်းတွားလေ့ရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သေသေချာချာလေး လေ့လာကြည့်ကြစမ်းပါ ။ ကျွန်တော်တို့ ထက်ဆိုးတဲ့ဘ ၀တွေ ရေတွက် လို့မရအောင် အများကြီးရှိပါတယ် ။ ကျွန်တော်တို့အားလုံး ယခုအချိန်ကစလို့ မိမိကိုယ်ကိုယ် အားငယ်နေ တဲ့စိတ်တွေ ဘ၀ကို အရှုံးပေးချင်တဲ့စိတ်ဓါတ်တွေကို အပြီးအပိုင်ဖယ်ရှားလိုက်ကြပါစို့ ။

သက်တန့်ချို
1st Feb 2012

ရင်ကိုထိသောစာစုများ

ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကောင်လေးတစ်ယောက်ဟာ အဲဒီပန်းသီးပင်ကြီးကို အလွန်ပဲ ချစ်ခင်တဲ့အတွက် နေ့တိုင်း အဲဒီအပင်ကြီးနားမှာ လာပြီးကစားလေ့ရှိတယ် ။ သူဟာ ပန်းသီးပင်ထိပ်ကိုတက်တယ် ပန်းသီးတွေကိုစားတယ် အဲဒီအပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏတာ အိပ်စက်လေ့ရှိတယ် ။ သူက ပန်းသီးပင်ကြီးကိုချစ်သလို ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်တယ် ။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကောင်လေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာတယ် ။ ပြီးတော့ ပန်းသီးပင်ကြီးနားမှာ နေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူး ။

တစ်နေ့မှာ ကောင်လေးဟာ သစ်ပင်ကြီးဆီကိုရောက်လာတယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းနေတဲ့ပုံပေါ်တယ် ။ “ လာလေ ကောင်လေး ငါနဲ့လာကစားပါ ” ပန်းသီးပင်ကြီးက ကောင်လေးကိုပြောတယ် ။ “ ကျွန်တော်က ကလေးလေးတစ်ယောက်မဟုတ်တော့ပါဘူး ဒါကြောင့် ပန်းသီးပင်ကြီးနားမှာ အချိန်ပြည့်မကစားနိုင်တော့ပါဘူး ” လို့ကောင်လေးကပြန်ပြောတယ် ။ အဲဒီအခါ သစ်ပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ မင်းကိုပေးဖို့ငွေတော့မရှိပါဘူး ဒါပေမယ့် ငါ့ရဲ့ပန်းသီးတွေကို အကုန်လုံးမင်းယူလိုက်ပါပြီးတော့အဲဒါတွေကိုရောင်းလိုက်ပါ အဲဒါဆို မင်းမှာ ငွေတွေရှိလာမှာပါ ” လို့ပြန်ပြောတယ် ။

ကောင်လေးဟာ အတော်စိတ်လှုပ်ရှားသွားတယ် ။ သူဟာ ပန်းသီးပင်ကြီးဆီက ပန်းသီးတွေအကုန်လုံးကို ဆွတ်ယူပြီး ပျော်ရွှင်စွာနဲ့ ပြန်သွားခဲ့တယ် ။ အဲဒီအချိန်ကစပြီးကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို ပြန်မလာတော့ပါဘူး ။ ပန်းသီးပင်ကြီးကတော့ ၀မ်းနည်းနေလျှက်ရှိပါတယ် ။

တစ်နေ့မှာ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းမှုတွေပေါ်လွင်နေတယ် ။ “ ဟာ လာလေကောင်လေး ငါနဲ့လာကစားပါဦး ” ပန်းသီးပင်ကြီးက ကောင်လေးကို ၀မ်းသာစွာနဲ့ခေါ်တယ် ။ “ ကျွန်တော့်မှာ ပန်းသီးပင်ကြီးနဲ့ အတူကစားဖို့အချိန်မရှိတော့ပါဘူး အခုဆိုရင် မိသားစုအတွက် အချိန်တွေအများကြီးပေးပြီးအလုပ်လုပ်နေရပါပြီ ကျွန်တော်တို့ နေဖို့အတွက် အခုဆိုရင်အိမ်တစ်လုံးလိုပါတယ် ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလားဟင် ? ” လို့မေးတယ် ။ အဲဒီအခါ ပန်းသီးပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါမင်းကို အိမ်တစ်လုံးတော့မပေးနိုင်ပါဘူး ဒါပေမယ့် ငါ့အကိုင်းအခက်တွေကို ချိုးပြီး မင်းအတွက် အိမ်တစ်လုံးတည်ဆောက်ပါ ” လို့ ပြန်ပြောတယ် ။ လူကြီးတစ်ယောက်ဖြစ်လာပြီဖြစ်တဲ့ကောင်လေးဟာ ပန်းသီးပင်ကြီးရဲ့ အကိုင်းအခက်တွေကို ခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ ပြန်သွားခဲ့တယ် ။ ပန်းသီးပင်ကြီးက ကောင်လေးပျော်နေတာကိုကြည့်ပြီး ၀မ်းသာနေခဲ့တယ် ။ ဒါပေမယ့် အဲဒီအချိန်ကစလို့ ကောင်လေးဟာ သူ့ဆီ ထပ်ရောက်မလာပြန်တော့ပါဘူး ။ ပန်းသီးပင်ကြီးဟာ တခါထပ်အထီးကျန်ခဲ့ရပြီး ၀မ်းနည်းနေခဲ့ရပါတယ် ။

အချိန်တွေအများကြီးကြာသွားပြီးတဲ့နောက် နွေရာသီရဲ့ နေ့တစ်နေ့မှာတော့ ပန်းသီးပင်ကြီးဆီကို အဲဒီလူဟာ တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ “ ဟေးး ကောင်လေး ငါနဲ့အတူလာကစားပါဦး ” လို့ ပန်းသီးပင်ကြီးက ၀မ်းသာစွာနဲ့ခေါ်တယ် ။ “ ကျွန်တော်ဟာ အသက်ကြီးနေပါပြီ ဒါကြောင့် ကျွန်တော် အပန်းဖြေဖို့ထွက်လာခဲ့တာပါ ကျွှန်တော့်ကို လှေတစ်စင်းပေးနိုင်မလား ” လို့ အဲဒီလူက ပြန်ပြောတယ် ။ ဒီအခါ ပန်းသီးပင်ကြီးက “ ငါ့ရဲ့ ပင်စည်ကို ခုတ်လှဲပြီး မင်းအတွက် လှေတစ်စင်း တည်ဆောက်လိုက်ပါ အဲဒီအခါ မင်း မြစ်ပြင်ထဲမှာ ရွက်လွှင်ပပြီး အပန်းဖြေနိုင်ပါလိမ့်မယ် ” လို့ပြောရှာတယ် ။ အဲဒီလူက ပန်းသီးပင်ကြီးရဲ့ ပင်စည်ကိုခုတ်လှဲပြီး လှေတစ်စင်းတည်ဆောက်ကာမြစ်ပြင်မှာ အပန်းဖြေဖို့ ပျော်ရွှင်စွာ ထွက်ခွာသွားပါတယ် ။ အဲဒီအချိန်ကစလို့ သူဟာ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အခါ သူဟာ ပန်းသီးပင်ကြီးဆီကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ ပန်းသီးပင်ကြီးက တွေ့တွေ့ခြင်း “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ မင်းကို ပေးစရာဘာမှမရှိတော့ပါဘူး မင်းအတွက် ပန်းသီး တွေလည်းမရှိတော့ပါဘူး ” လို့ပြောတယ် ။ အဲဒီအခါ သူက “ ကိစ္စမရှိပါဘူးဗျာ ကျွန်တော့်မှာလည်း ပန်းသီးတွေကိုကိုက်စားဖို့ သွားတွေမရှိတော့ပါဘူး ” လို့ပြန်ပြောတယ်။ ဒီအခါ ပန်းသီးပင်ကြီးက “ မင်းတက်ပြီးဆော့ကစားဖို့ ငါ့မှာ ပင်စည်လည်းမရှိတော့ပါဘူး ” လို့ပြောတဲ့အခါ အဲဒီလူက “ ကျွန်တော်လည်းတက်နိုင်စွမ်းမရှိတော့ပါဘူး အိုနေပါပြီ ” လို့ပြန်ပြောတယ် ။ ပန်းသီးပင်ကြီးက “ ငါတယ့်ကို စိတ်မကောင်းပါဘူး ကွယ် မင်းအတွက်ပေးစရာ ဘာမှမရှိတော့ပါဘူး ဒါပေမယ့် တစ်ခုပဲ -- ငါ့ရဲ့ သေဆုံးနေပြီဖြစ်တဲ့ အမြစ်တွေတော့ကျန်ပါသေးတယ် ” လို့ ပန်းသီးပင်ကြီးက မျက်ရည်တွေနဲ့ပြောရှာတယ် ။

“ ကျွန်တော် အခုချိန်မှာ အများကြီးမလိုချင်တော့ပါဘူး ဒါပေမယ့် အေးချမ်းတဲ့နေရာလေးမှာ ထာဝရ အနားယူချင်ပါတယ် ကျွန်တော်နှစ်ပေါင်းများစွာလည်း ကြိုးစားလာခဲ့ပြီးပါပြီ ” လို့ အဲဒီလူက ပြန်ပြောတယ် ။ “ အိုး--ကောင်းပါပြီ အပင်အိုရဲ့ အမြစ်တွေဟာ မင်းအတွက် နားခိုစရာအကောင်းဆုံးပေါ့ကောင်လေးရယ် လာပါ ဒီနေရာမှာ ငါ့အမြစ်တွေကို မှီပြီးလှဲလိုက်ပါ ငါနဲ့အတူ ငြိမ်းချမ်းစွာနေပါလို့ ” ပန်းသီးပင်ကြီးကပြောတယ် ။ အဲဒီလူက ပန်းသီးပင်အိုရဲ့ အမြစ်တွေပေါ်မှာ မှီပြီးလှဲချလိုက်တယ် ။ ပန်းသီးပင်ကြီးကတော့ ၀မ်းသာပြီး သူ့မျက်နှာမှာ ပြုံးရွှင်လို့-- မျက်ရည်တွေစီးကျလာပါတယ် ။

############################################

ပန်းသီးပင်ကြီးဟာ ကျွန်တော်တို့ မိဘတွေနဲ့တူပါတယ် ။ ကျွန်တော်တို့ ငယ်စဉ်က အဖေ ရယ်အမေရယ်ဆိုပြီးချစ်ခင်စွာနဲ့ ပျော်ရွှင်စွာဆော့ကစားခဲ့ကြတယ် ။ အသက်ကြီးလာတဲ့အခါ တစ်အိုးတစ်အိမ်ထူထောင်ပြီး သူတို့ကိုစွန့်ခွာခဲ့ကြတယ် ။ ကျွန်တော်တို့ လိုအပ်တဲ့အခါ ကျွန်တော်တို့ ဒုက္ခကြုံနေရတဲ့အခါမှသာ သူတို့ဆီတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့ကြတယ် ။ ဘယ်လိုပဖြစ်ပျက်နေပါစေ မိဘတွေကတော့ အမြဲတမ်း သားသမီးတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတာပါပဲ ကျွန်တော်တို့ ပျော်ရွှင်မယ်လို့ ထင်တဲ့အရာအားလုံးကို သူတို့ အပြုံးမပျက်ပဲ ဖြည့်ဆည်းပေးခဲ့ကြတယ် ။ သင်ကတော့ ကောင်လေးက ပန်းသီးပင်ကြီးအပေါ်ရက်စက်လွန်းတယ်လို့ ထင်နေမှာပါ ။ သေချာတွေးကြည့်ပါဦး ကျွန်တော်တို့အားလုံးလည်း မိဘတွေကို ဒီလိုပဲ ပြုမူခဲ့ကြတာပါပဲ ။ ဒီတော့ သိပ်နောက်မကျသေးခင်မှာပဲ မိဘတွေကို ကျွန်တော်တို့ တဖန်ပြန်လည် ကျွေးမွေးစောင့်ရှောက်ကြပါစို့လား ။

မိဘတွေကို ချစ်မြတ်နိုးပါ ။ သူတို့ ဘယ်နေရာပဲရောက်နေနေ--- သူတို့ ဘာတွေပဲဖြစ်နေပါစေ --- ။





သက်တန့်ချို

ရင်ကိုထိသောစာစုများ

ကလေးတစ်ယောက် က မိခင်ကိုပြောတယ် “ အမေ .. သမီးအမေ့ အိပ်ရာခင်းကို နှုတ်ခမ်းနီတွေနဲ့ အရောင်ခြယ်လိုက်တယ် ” မိခင်ဟာ အလွန်ဒေါသထွက်သွားပြီး ကလေးကို သတိလစ်သွားတဲ့အထိရိုက်နှက်ခဲ့တယ် ပြီးတော့ သူ့ကလေးကို ပြောခဲ့တယ် ။ “ သမီး မျက်စိဖွင့်ကြည့်ပါဦး ” တဲ့ အရာအားလုံးဟာ နောက်ကျသွားခဲ့ပါပြီ ။ ကလေးငယ်ရဲ့ သေးငယ်တဲ့ နှလုံးခုန်သံဟာ ရပ်တန့်သွားခဲ့ပါပြီ ။ မိခင်ဟာ သူမ အိပ်ရာခင်းကို သွားကြည့်တဲ့အခါ အိပ်ရာခင်းမှာ နှုတ်ခမ်းနီရာတွေနဲ့ရေးထားတာတွေကတော့ “ အမေ့ကို သမီးချစ်တယ် ” တဲ့ ။

ကလေးတွေကို ရိုက်နှုက်ဆုံးမခြင်းအားရှောင်ကြဉ်ပါ ။

ရင်ကိုထိသောစာစုများ

မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?


ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။


` အမေ ဘာလို့ငိုနေတာလဲဟင် ´

` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´

မိခင်က ကောင်လေးကိုပြန်ဖြေတယ် ။

` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ် ။ အဲဒီအခါ သူ့ အမေက ကောင်လေး ကို ထွေးပွေ့ လိုက်ပြီး ` မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ် ။

အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ် ။

` အဖေ အမေက ဘာအကြောင်းမှ မရှိပဲ ဘာလို့ ငိုတာလဲဟင် ´
`မိန်းမသားအားလုံးဟာ အကြောင်းပြချက်မရှိပဲ ငိုတတ်တယ်သားရဲ့ ´ လို့ သူ့အဖေက ကောင်လေးကို ပြန်ပြော ခဲ့တယ် ။


ဒီလိုနဲ့ ကောင်လေးဟာ အရွယ်တဖြည်းဖြည်းကြီးလာပြီး လူကြီးတစ်ဦးဖြစ်လာခဲ့တယ် ။ ဒါပေမယ့် သူဟာ ဘာကြောင့် မိန်း မတွေ ငိုရသလဲဆိုတာနဲ့ ပတ်သတ်ပြီး မရှင်းမလင်း နဲ့ သိချင်စိတ်ရှိနေတုန်းပါပဲ ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ဆီ ဖုန်းခေါ်လိုက်တယ် ။ ဘုရားသခင်က ဖုန်းကိုင်လိုက်တဲ့အခါ သူက မေးခဲ့တယ် ။

` ဘုရားသခင် ဘာကြောင့် မိန်းမသားတွေဟာ လွယ်လွယ်ကူကူ ငိုကြပါသလဲ ´

ဘုရားသခင်က ပြန်ဖြေခဲ့တယ် ။

` ငါဟာ မိန်းမသားတွေကို အထူးသီးသန့်ကွဲပြားခြားနားအောင်ဖန်ဆင်းခဲ့တယ် ကမ္ဘာကြီးရဲ့အလေးချိန်ကို ထမ်းထားနိုင်လောက်တဲ့ ပခုံးသားတွေ ဖန်ဆင်းပေးခဲ့တယ် တပါးသူကို နှစ်သိမ့် မှုပေးနိုင်အောင် နူးညံ့ညှင် သာ ခြင်းတွေ ပေးခဲ့တယ် ။ ကလေးမွေးဖွားနိုင်အောင် သားအိမ်သန်စွမ်းခိုင်မာမှုကို ဖန်ဆင်းပေးခဲ့သလို သူမွေးလာ တဲ့သား သမီးတွေ ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို နားလည်ခွင့်လွှတ်နိုင်အောင် ခံနိုင်ရည်စွမ်း ရှိအောင် ဖန်ဆင်းခဲ့တယ် ။သူတစ်ယောက် တည်းအ ထီးကျန်တဲ့အခါ ဆက်လက်ရှင်သန်နိုင်အောင် မာကြောမှု ကို ပေးခဲ့သလို သူ့မိသားစုကို ဖျားနာမှုတွေ မောပန်းနွမ်းနယ်မှုတွေကနေ ကာကွယ်ပေးနိုင်အောင်လည်း ဖန်ဆင်းခဲ့တယ် ။ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ဘယ်လို အရာမျိုးပဲ ဖြစ်ပျက်နေ ပါစေ နောက် ဆုံးသားသမီးတွေဆီက ခါးသီးတဲ့ နာကျင်မှုတွေ သူ့ကို ပေးတာတောင်တာတောင်မှ အပြုံးမပျက်ပဲ သူ့သားသမီးတွေ ကို အချစ်မပြယ်အောင် ချစ်ခြင်းမေတ္တာကို ပေးတော်မူခဲ့တယ် ။ သူ့ခင်ပွန်းရဲ့ အမှားတွေကို ခါးစည်းခံနိုင်လောက်တဲ့ စွမ်းရည်တွေ နောက်ဆုံး သူ့ခင်ပွန်းက သူ့နံရိုးတွေနဲ့ သူ့နှလုံးသားကိုကာရံပြီး ဖက်ရှင်အဖြစ် ၀တ်ချင်တယ်ဆိုရင်တောင် ပေးအပ်နိုင်တဲ့ အစွမ်းမျိုး ကိုလည်း ပေးအပ်ခဲ့တယ် ။ခင်ပွန်းကောင်း တစ်ယောက်ဟာ ဇနီးသည်အပေါ် ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အသိဥာဏ် မျိုးပေး ခဲ့တယ် ။ ဒါပေမယ့် တခါတရံမှာ စိန်ခေါ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် သူမ ယုံကြည်ချက်တွေ မ၀ံ့မရဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးတွေ ကြုံရတယ် ။ ဒါကြောင့် နောက်ဆုံးမှာ ငါ ဘုရား သူမကို မျက်ရည်တစ်စက်ပေးတော်မူခဲ့တယ် ။ သူမ ဘယ်အချိန်အဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အထူးသီးသန့်အ သုံးပြုဖို့အတွက်ပေါ့ ။

ဘုရားသခင်က ဆက်ပြောတယ် ။

` မြင်တယ်မဟုတ်လား ငါ့သား မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ သူဝတ်ထားတဲ့ အ၀တ်အ စားတွေမဟုတ်ဘူး သူမ ဆင်ယင်ထားတဲ့ အသွင်းသဏ္ဍာန်တွေမဟုတ်ဘူး သူမ ဆံပင်ကို ဘယ်လို ဖြီးသင်သ လဲဆိုတဲ့ နည်းလမ်းလည်းမဟုတ်ဘူး မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ ဟာ သူမရဲ့ မျက်လုံးတွေ ထဲမှာပဲရှိတယ် ။ ဘာကြောင့်လည်းဆိုတော့ မိန်းမသားတစ်ယောက်ရဲ့ မျက်လုံးဆို တာဟာ သူမအ ချစ်တွေ စုပြုံထားတဲ့ နှလုံးသားကနေ ထွက်ရှိလာတဲ့ တံခါးပေါက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ ´

အမျိုးသမီးတွေ ငိုနေပြီဆိုရင် ကျွန်တော်တို့ အမျိုးသားအများစုက မျက်ရည်ကိုလွယ်လွန်းတယ် ဒါလေးပြောတာနဲ့ မျက်ရည်ကျစရာလား ဘာမှလည်းမဟုတ်ပဲနဲ့ငိုပြန်ပြီ အစရှိသဖြင့် ငြူစူလေ့ရှိကြတယ် ။ တကယ်တော့ သူတို့ ရင်ထဲမှာ ဘာတွေမွန်းကြပ်နေသလဲ ဘာတွေ လိုအပ်နေသလဲဆိုတာ ကျွန်တော်တို့ မြင်အောင်ကြည့်မိကြဘူး ။

အခု ခင်ဗျားမှာ လုပ်စရာ နှစ်မျိုးရှိပါတယ် ။ ဒီဖိုတိုလေးကို like ပြုလုပ်ပြီး သင့် ဇနီးထံကို ပေးပို့လိုက်ပါ ။ ဒါမှမ ဟုတ် သင့် စာမျက်နှာမှာ ရှိတဲ့ အမျိုးသမီးတွေအတွက် သင် Share ပြုလုပ်သွားနိုင်ပါတယ် ။

သက်တန့်ချို

(ဖတ်မိဖူးသော စာတစ်ပုဒ်အား ဘာသာပြန်ပါသည် ။